Posts

Showing posts from July, 2018

ငါ့ဘေးမှာ မင်းရှိရင်

အမရာထွန်းချုပ် ကန်ထဲကို ခဲလုံးလေး တလုံး နဲ့ ပစ်ပေါက်လိုက်တော့ တည်ငြိမ်နေတဲ့ ကန်ရေပြင် သည် လှုပ်ရှားသွားသည် ..။ နက်မှောင် ရှည်လျား သန်စွမ်းတဲ့ ဆံပင် ..အချိုးကျလွန်းတဲ့ ကိုယ်လုံး ..ဖြူဝင်းချောမွတ်တဲ့ အသား နဲ့ ..မြင်သူတကာ ငေးရလောက်အောင်..ချောမောပြေပြစ် တဲ့ မျက်နှာလေး နဲ့ အလွန်ချမ်းသာတဲ့ မြန်မာနိုင်ငံ ရဲ့ ထိပ်သီး စီးပွားရေးသမား သူဌေးကြီး ဦးထွန်းချုပ် ရဲ့သမီးလေး..အမရာထွန်းချုပ်မနက်အစောကြီး..အင်းယားကန် စောင်းမှာ တယောက်ထဲ ရောက်နေသည် ..။ အမရာထွန်းချုပ် မျက်နှာမသာဘူး ..။ သုန်မှုံနေ သည် ..။ နှုတ်ခမ်းဖူးဖူးလေးတွေ စူတူတူ နဲ့ ..။ ရေစပ်အထိ ထိုးရပ်ထားတဲ့ သူမ ရဲ့ တိုယိုတာ Spyder နှစ်ယောက်စီး ပြိုင်ကားလေး ၏ ဘေးမှာ မှီကာ ရပ်ပြီး စောစော က ဈန်ရမောင် သူမ ကို ဥပက္ခာပြုသွားတာ ကို ပြန်စဉ်းစားပြီး မကျေမနပ် ဖြစ်နေ သည် . .။ ဈန်ရမောင် သည် အမရာထွန်းချုပ် ရဲ့ အကို သီဟထွန်းချုပ် ရဲ့ သူငယ်ချင်း ..။ ကိုကြီးသီဟ သည် ဈန်ရမောင်ကို အိမ်ကို ခေါ်ခေါ်လာ တတ် သည် ..။ ကိုကြီး သည် ဈန်ရမောင် ကို.. တော်တော် ခင် သည် .. ။ အားကိုးသည် ..။ ဈန်ရမောင် ကို အမရာ စတွေ့ဘူးထဲက သဘောကျမိ သည် ..။ သူ့ကို ရင်ခုံမိ သည် ..။ သူ သည် ကျောင်းမှာ ကောင်မလေ...

မာန်ဟုန်ပြင်းပြင်း

“အိန်း အိန်း အိန်း” သေနတ်သံ သုံးချက်ဆက်တိုက် ကြားလိုက်ရပြီး ခဏအကြာ စိမ်းစိုနေသော တောတန်းလေးထဲက မာန်ဟုန် ထွက်လာတာ ဝင်ဒီ တွေ့လိုက်ရသည်။ မာန်ဟုန့်ပုခုံးထက်မှာ တလုံးပြူး ပန့်အက်ရှင် (pump action shot gun) သေနတ်ကို ထမ်းလာသည်။ လက်တဘက်မှာက ရေဘဲလေးကောင်ကို ခြေထောက်တွေကနေ စုကိုင်လာသည်။ ဝင်ဒီ ကားထဲက ဆင်းသည်။ “မာန် ... လေးကောင်တောင် ရလာတယ် ... ဟေး” “ဒီညနေ ကင်စားကြမယ်” ဝင်ဒီက မာန်ဟုန့်လက်ထဲက ရေဘဲတွေကို လှမ်းယူလိုက်ပြီး trash bag အမှိုက်အိတ်အမဲရောင်ထဲ ထည့်ပြီး ကားအနောက်ခန်းမှာ ထည့်လိုက်သည်။ မာန်ဟုန်က ရှော့ဂန်းကို သေနတ်အိတ်ထဲ ထည့်သည်။ သေနတ်အိတ်ကို စောစောက ဝင်ဒီ ထည့်လိုက်တဲ့ ရေဘဲတွေ ထည့်ထားတဲ့ ပလပ်စတစ် အမှိုက်အိတ်ကြီးဘေး ကားနောက်ခန်းမှာ သေသေချာချာ ထားသည်။ “မာန်ဖိနပ် ပြောင်းလိုက်အုံး မာန့်ဘု(တ်)စ်မှာ ရွှံ့တွေချည်းဘဲ” ဟုတ်သည်။ ရေဘဲတွေ ကျတာက ရွှံ့နွံတွေ ထူထပ်တဲ့ နေရာမှာမို့ သူ့ဖိနပ်တခုလုံး ရွှံ့တွေပေနေသည်။ ဒါကိုသိလို့ အိမ်ကထွက်ကထဲက သူ ဖိနပ်အပို ယူလာသည်။ “ညနေ နေနေက ဘယ်အချိန် ရောက်မှာလဲ ... မ” “လေးနာရီကျော်ကျော်လောက် ရောက်မယ်ထင်တယ်” သူတို့နှစ်ယောက် ကားပေါ်တက်သည်။ အင်း ... ဟိုးတုံးကဆိုရင် မဟာ တောပစ်ဝါသန...